Home » » (၁-၃) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်ပေးရန် လျှောက်ထားခြင်း

(၁-၃) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်ပေးရန် လျှောက်ထားခြင်း

  • ရေမျောဒုက္ခသည်များ၊ ပြစ်ဒဏ်ကျခံပြီး မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ခြင်းခံရသူများနှင့် မြန်မာနိုင်ငံသို့ အပြီးပြန်လိုသော မြန်မာနိုင်ငံကူးလက်မှတ်မရှိသည့် မြန်မာနိုင်ငံသားများသည် တစ်ကြိမ်တစ်ခါသုံး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity - CI) လျှောက်ထားနိုင်ပါသည်။
  • နိုင်ငံခြားသားမိဘတစ်ဦးနှင့် မွေးဖွားလာသည့် ကလေးများအတွက် မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity - CI) လျှောက်ထားနိုင်ပါသည်။
  • အထက်ဖော်ပြပါ လျှောက်ထားသည့်ကိစ္စများကို သံရုံးမှ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ ဆက်လက် ရည်ညွှန်း ပေးပို့၍ ခွင့်ပြုချက် တောင်းခံရမည် ဖြစ်ပါ၍ ကြိုတင် လျှောက်ထားရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့မှ ခွင့်ပြုချက် ရရှိမှသာ နိုင်ငံကူးလက်မှတ်အသစ် ထုတ်ပေးမည် ဖြစ်ပါသည်။