English Version Myanmar Version
.
 
(၁-၃)မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်ပေးရန် လျှောက်ထားခြင်း
 
 
"ရေမျောဒုက္ခသည်များ၊ ပြစ်ဒဏ်ကျခံ၍ လွတ်မြောက်သူများနှင့် နိုင်ငံကူးလက်မှတ် မရှိသည့်အတွက် မြန်မာနိုင်ငံသို့ အပြီးပြန်လိုသော မြန်မာနိုင်ငံသားများအား တစ်ကြိမ် တစ်ခါသုံး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity-CI) ကို လျှောက်ထားနိုင်ပါသည်။"
 
 
"နိုင်ငံခြားသားမိဘတစ်ဦးနှင့် မွေးဖွားလာသည့် ကလေးများအတွက် မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) လျှောက်ထားနိုင်ပါသည်။"
 
 
"အထက်ဖော်ပြပါ လျှောက်ထားသည့်ကိစ္စများကို သံရုံးမှ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ ဆက်လက် ရည်ညွှန်း ပေးပို့၍ ခွင့်ပြုချက် တောင်းခံရမည် ဖြစ်ပါ၍ ကြိုတင် လျှောက်ထားရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့မှ ခွင့်ပြုချက် ရရှိမှသာ နိုင်ငံကူးလက်မှတ်အသစ် ထုတ်ပေးမည် ဖြစ်ပါသည်။ "-
 
 

(က)နိုင်ငံကူးလက်မှတ်မရှိ၍ မြန်မာနိုင်ငံသို့ အပြီးပြန်လိုသော မြန်မာနိုင်ငံသားများ တစ်ကြိမ်တစ်ခါသုံး မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် လျှောက်ထားခြင်း

"ဤနေရာတွင် ညွှန်ကြားချက်နှင့် လျှောက်လွှာ ပုံစံရယူပါရန်"
 

(ခ)နိုင်ငံခြားသားမိဘတစ်ဦးနှင့် မွေးဖွားလာသည့် ကလေးများအတွက် မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) လျှောက်ထားခြင်း

"ဤနေရာတွင် ညွှန်ကြားချက်နှင့် လျှောက်လွှာ ပုံစံရယူပါရန်"